((( 3, 2009 ဖြစ်ခဲ့ရေးခဲ့တဲ့ post လေးကို ဒီမှာမရှိသေးလို့ထပ်တင်လိုက်ပါတယ်။)))
Sunday တရက် အမှတ်မထင် အ၀ါရောင်နေ့တနေ့ ဖြစ်ခဲ့တယ်။ ရွှေခေတ် နေတဲ့ Kents Hill (UK) ဆိုတဲ့ရပ်ကွက်လေးက အေးချမ်းပြီးနေလို့ကောင်းတယ်။ နေ့လည်စာစားပြီး လေညင်းခံလမ်းလျှေက်ရင်း အပျော်တမ်း ဓာတ်ပုံတွေရိုက်ခဲတယ်။ နေလည်း သာပြီး အရာအားလုံးကတောက်ပလို့… အဲဒီ အ၀ါရောင်တွေက စိတ်ထဲမှာ ပျော်ရွှင်စေခဲ့တယ်။

အ၀ါရောင်ပန်းတွေရှိတဲ့.. မြက်ခင်းပေါ်က အပါရောင်ပျားတစ်ကောင် .. သဲကြီးမဲကြီး ၀တ်ရည်တွေစုတ်ယူနေတယ်။

အဲဒီပျားကို .. သဲကြီးမဲကြီး လိုက်ရိုက်နေတုန်း အ၀ါရောင် Bus ကြီးက အမှတ်မထင် ဘေးနားကဖြတ်သွားလို့ အမိအရ လှမ်းရိုက်လိုက်တယ်။ ဟော.. နောက်ထပ် အ၀ါရောင်ကားကတမျိုး...

အိမ်နားမှာ အပါေ၇ာင်အဆင်းရှိတဲ့ Primary school လည်းရှိသေးတယ်။

အ၀ါရောင်ကို ပိုပြီးစိတ်ပါလာလို့ အ၀ါရောင် လိပ်ပြာတွေ့တော့ အတင်းမရမက လိုက်ရိုက်မိတယ်.... လိပ်ပြာဆိုတာ ပျော်ရွှင်ခြင်းရဲ့ သင်္ကေတဆိုလည်း ဟုတ်တယ်မလား။ အဲဒီလိပ်ပြာကလည်းအရမ်းမြန်တယ်။ သူများအိမ်ကအုပ်နံရံပေါ်မှာသွားနားတယ်လေ.. ဒါနဲ့ အမိအရ လှမ်းရိုက်လိုက်တာပေါ့်။ အိမ်ရှင်က “ဘာတွေဓာတ်ပုံရိုက်နေတာလဲ”တဲ့.. “သြော် ဓာတ်ပုံရိုက်ဖို့ လိပ်ပြာလေးတွေရှာနေတာပါ” လို့… :P ဟဲဟဲ..

နောက်ထပ်.. အ၀ါရောင်ပန်းတွေ.. .. အ၀ါရောင်တိုင်တွေကလည်းအများကြီး..
ဒီနေ့.. အ၀ါရောင်ကပေးတဲ့ ပျော်ရွှင်ကြည်နူးမှုကို ရလိုက်ပါတယ်။ ကြည့်ရှုသူပရိတ်သတ်လည်း အ၀ါရောင်မြင်ကွင်းတွေနဲ့တော်တော်မျက်စိကျိန်းနေလောက်ပါပြီ။ :D

အိမ်ပြန်ရောက်တော့ အ၀ါရောင်ကပေးတဲ့ ပျော်ရွှင်ကြည်နူးမှုနဲ့အတူ စိတ်ရောလူပါငြိမ်သက်နေတယ်။
ကိုယ့် studio လေးထဲမှာ .. ငြိမ်ငြိမ်လေးထိုင်ရင်း…..
ဒီပုံလေး ဖန်တီးလို့ထွက်လာတာပေါ့...း)
-----

Artwork အတွက်မှတ်ချက် - Question & Answer
Q- ((အ၀ါရောင်ပျော်ရွှင်မှုကအခြေခံထားပေမယ့် မသီရိဖန်တီးလိုက်တဲ့ ပုံမှာဘာလို့အရောင်မှိုင်းသွားတာလဲ၊ နောက်ပီး မျက်လုံးက လွမ်းဆွေးမှုအရိပ်ရောင်လေးလဲ့နေပါလားဗျ၊ သဘာဝလောကကိုဒီလောက်ရှုမြင်ခံစားတတ်နေတာပဲ artwork ထဲကိုပဲသိပ်မ၀င်သွားတာလား))
A- ဟုတ်ကဲ့.. UK summer ကကုန်တော့မယ်.. နောက်ဆိုလွမ်းနေရတော့မယ်... ဒါကြောင့်အလွမ်းရိပ်လေးပါအောင်ထည့်ထားတာပါရှင်..
ဘာကြောင့်ဒီအ၀ါရောင်မှိုင်းမှိုင်းသုံးတာလည်းဆိုတော့... dark art ကိုပဲလုပ်နေကျဖြစ်တဲ့ ရွှေသီရိခေတ်ရဲ့ သဘာဝမို့လို့...း)
PS. Comments နှင့် Artwork suggestions များဖတ်လိုလျှင် http://myanmardigitalartists.ning.com/profiles/blogs/yellow-day?id=2260154%3ABlogPost%3A52074&page=1#comments ကိုသွားနိုင်ပါသည်။ ဓာတ်ပုံတွေစိတ်ဝင်စားသူများအတွက် နောက် post တွင် photography work များကိုတင်သွားပါမယ်။
ခင်မင်လေးစားစွာဖြင့်
ရွှေသီရိခေတ်