Face Study (Drawings)

Friday 8 January 2010 - Posted by Shwe Thiri Khit
မေလ ၂၀၀၉ မှာပြပွဲတုန်းကတင်ခဲ့တဲ့ စုစုပေါင်းကား ၂၀မှာ Drawing ၂ကားအနေနဲ့ပါဝင်ခဲ့ပါတယ်။
မျက်နှာအနေအထားလေးနဲ့ပဲ ခံစားမှု emotion ကို မိမိစိတ်နှစ်ခြိုက်သလိုတွေးပြီးခံစားနိုင်စေရန်၊ မျက်နှာတွေအတွက် လေ့ကျင့်မှုတရပ်အနေဖြင့်ပါ ရေးဆွဲထားတာဖြစ်ပါတယ်။

့ပုံ(၁)ကတော့ Milton Keynes မှ London ကိုသွားတဲ့အခါ ရထားစီးနေရင်း Sketch အနေနဲ့ပဲရေးဆွဲဖြစ်သွားခဲ့တဲ့ပုံလေးပါ။
size ကတော့ 4 x 6 inches ဖြစ်ပါတယ်။
အိမ်ရောက်တော့ပြန်အချောသတ်ရင်း အမှတ်မထင် သဘောကျမိတဲ့အတွက် ဘောင်လေးနဲ့သေချာသိမ်းထားမိတယ်။



ပုံ(၂)က အကြောင်းအရာတစ်ခုအတွက် Brain storming လုပ်တဲ့အခါ ပထမဦးဆုံးအနေနဲ့ Sketch ထုတ်ပါတယ်။ Sketch တွေကို ခဲတံနဲ့ရေးဆွဲခဲ့တာလည်းရှိတယ်။ laptop ထဲမှာပဲ ရေးဆွဲခဲ့တာတွေလည်းရှိပါတယ်။ ဒီပုံက "Snow White's Winter Wonderland"ရဲ့ နဂိုအစ ခဲခြစ်ပဲပေါ့။ တကယ်ရေးဆွဲဖြစ်သွားတဲ့ပုံမှာ မျက်နှာတူပေမယ့် ဆံပင်ကွဲလွဲထားပါတယ်။ Sketch မှာရှိခဲ့တဲ့ ဆံနွယ်အတွန့်အလိမ်လေးတွေအစား နှင်းတွေအုပ်နေတဲ့ ဆံပင်ပွပွကို အကြောင်းအရာလိုက်ပြီးပြန်လည် အစားထိုးထားခဲ့ပါတယ်။

 
ALERT: My newsletter account has been hacked and I have also stopped using it. If you are getting mails "Random chronicles" from khitster[at]gmail[dot]com, please add that email to SPAM list. Sorry for all the trouble caused. Follow my BLOG. Copyrighted © 2013 Shwe Thiri Khit. All right reserved.